
ဆာလံကျမ်း 134
မြန်မာကျမ်းစာ
1ထာဝရဘုရား ၏ အိမ် တော်၌ ညဉ့်ယံ စောင့် သော ထာဝရဘုရား ၏ ကျွန် တော်အပေါင်း တို့၊ ထာဝရဘုရား ကို ကောင်းကြီး ပေးကြလော့။
2သန့်ရှင်း ရာ ဌာန တော် သို့ လက် ကိုချီ ၍ ၊ ထာဝရဘုရား ကို ကောင်းကြီး ပေး ကြလော့။
3ကောင်းကင် နှင့် မြေကြီး ကိုဖန်ဆင်း တော်မူသော ထာဝရဘုရား သည် ဇိအုန် တောင်ပေါ်က ၊ သင့် ကို ကောင်းကြီး ပေး တော်မူ ပါ စေသော။
မြန်မာကျမ်းစာ — Public Domain. Where these translations come from.